Posts

Showing posts from December, 2019

The Woman (2011)

Image
Unicode The Woman (2011) အရင်ဆုံး ဒီကားလေးကြည့်မယ်ဆိုရင် သတိပေးချင်တာက Chill တဲ့ကားလေးမဟုတ်ပါဘူးနော်။ စိတ်ကူးယဉ်ဇာတ်လမ်းလေးပေမဲ့လည်း အပြင်မှာလည်း ဒီလိုမျိုးတွေရှိနေကြမို့လို့ သွယ်ဝိုက်တဲ့နည်းနဲ့ မိန်းကလေးတွေ အနိုင်ကျင့်ခံရတာကို မီးမောင်းထိုးပြတယ်လို့ မြင်မိပါတယ်။ ဇာတ်လမ်းလေးကတော့ ခရစ် ဆိုတဲ့ ရှေ့နေတစ်ယောက်က အများကြားထဲတော့ ဖော်ဖော်ရွေရွေနဲ့ အပေါင်းအသင်းဆံ့တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ အမဲလိုက်ရင်းနဲ့ တောထဲမှာ လူရိုင်းဆန်ဆန် မိန်းကလေးတစ်ယောက်နဲ့ တွေ့ပါတော့တယ်။ အဲ့မိန်းကလေးကို အိမ်ကို ပြန်ဖမ်းခေါ်လာရင် းခရစ်တို့မိသားစုရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို စတင်ရိုက်ပြပါတော့တယ်။ ခရစ်ဆိုတာက မိန်းကလေးတွေကို အထင်မကြီး သူပြောရင်းသူ့သဘော အိမ်မှာ ဘုရင်ကြီးလိုနေနေတဲ့သူတစ်ယောက်။ သူ့မိန်းမ ကတော့လည်း ဘယ်တတ်နိုင်ပါ့မလဲနော်။ သားတစ်ယောက် နဲ့ သမီးနှစ်ယောက်က ဘယ်လိုစခန်းဆက်သွားကြပါမလဲ။ ဘာပဲဖြစ်ဖြစ် ပဲ့ကိုင်ရှင်ဖြစ်တဲ့ အမေနဲ့အဖေ တို့က သားသမီးတို့ရဲ့ စံပြဖြစ်ရမယ့်အစား ခံယူချက်အမှားတွေဆိုတော့ ဒီ The Woman ကားလေးကြည့်ရင်း ပရိသတ်ကြီး သက်ပြင်းချလိုက်ပါဦးလို့ လက်တို့လိုက်ပါတယ်နော်။ ။ Translated &

Life Changer 2018

Image
Unicode Life Changer 2018 သည်ဇာတ်ကားကတော့ 2018မှာထွက်ထားပီး Horror movie တွေရိုက်တဲ့ ဒါရိုက်တာ Justin McConnell ရဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် IMDb 5.3/10 နဲ့ Rotten Tomatoes 86% ရထားတဲ့ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒရူ းလို့ခေါ်တဲ့လူတယောက်ဟာ သူအသက်ရှင်ဖို့အတွက် တခြားလူတွေရဲ့ခန္ဓာကိုယ်တွေမှာ တစ်ခုပီးတစ်ခုပြောင်းပီးနေထိုင်ရပါတယ် အဲ့သည့်ခန္ဓာကိုယ်တွေမှာသူအကြာကြီးနေလို့မရဘဲ ပျက်စီးလာတဲ့အခါ သူနေထိုင်ဖို့တခြား ခန္ဓာကိုယ်ကို ရှာရပါတယ် အဲ့လိုနဲ့သူဟာ လူတွေအများကိုသတ်ခါ သူတို့ရဲ့ ခန္ဓာကိုယ်တွေကိုယူပီးနေထိုင်ခဲ့ပါတယ် အဲ့လိုမျိုး အသက်ရှင်ဖို့ကြိုးစားရုန်းကန်ရင်း တနေ့မှာတော့ ဂျူလီယာဆိုတဲ့ကောင်မလေးတယောက်နဲ့ ချစ်မိခဲ့ပါတယ် ဒရူးဟာ ဂျူလီယာကိုအရမ်းတန်ဖိုးထားပီး သူအမှားတွေဆက်မလုပ်မိအောင်ကြိုးစားနေထိုင်ရင်း ဂျူလီယာ နဲ့အတူဘာတွေကြုံတွေရမလဲဆိုတာကိုတော့ ဇာတ်ကားမှာပဲကြည့်လိုက်ရအောင်ဗျာ Transalated and review by Pyae Shan Tun Wai Encoded by A Nyo Size-220mb/600mb Genre-Drama, Fantasy, Horror Running Time-1h 24min Credit - GC လင့်၂လင့်ပေးထားပါတယ်ကြိုက်ရာဝင်ဒေါင်း

I Am Legend (2007) Alternate Versions

Image
Unicode I Am Legend (2007) Alternate Versions =================================== ဒီကားကိုတော့ လူတိုင်းနီးပါး ကြည့်ဖူးကြမှာပါ။ Will Smith ရယ် ခွေးလေးတစ်ကောင်ရယ် ဖုတ်ကောင်တွေပဲရှိတဲ့ ကမ္ဘာကြီးမှာ အသက်ဆက်ရှင်အောင် ရုန်းကန်နေထိုင်ကြရတဲ့ကားလေးပါ။ နောက်သူ့လို အသက်ရှင်ကျန်ရစ်တဲ့ လူသားနှစ်ဦးနဲ့ ထပ်မံတွေ့ရှိခဲ့ပြီးတော့ အထီးကျန်ဘဝကနေ နွေးထွေးမှုလေးတွေ ပြန်လည်ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မင်းသား Will Smith သေသွားပါတယ်။ ဒါက ကျွန်တော်သိခဲ့တဲ့ I am Legend ပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ညီအစ်ကို လို ရင်းနှီးတဲ့ အစ်ကိုတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာ အဲ့ဒီကားအကြောင်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က ပြောဖြစ်တုန်းက သူပြောသွားတဲ့ ဇာတ်လမ်းပုံစံနဲ့ ကျွန်တော်ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းပုံစံက တခြားစီ ဖြစ်နေပါတယ် အဓိက ဇာတ်သိမ်း အဲ့တုန်းက နှစ်ယောက်သား အတော်လေးငြင်းခုန်ခဲ့ရဖူးပါတယ်။ ပုံစံခြင်းဆင်တဲ့ ဝီလ်စမစ်ရဲ့ နောက်တစ်ကားဖြစ်မှာပဲဆိုပြီးထင်ခဲ့ပေမယ့် မဟုတ်ခဲ့ပါဘူး ဇာတ်သိမ်းပုံစံ ကွဲပြားတဲ့ နောက်တစ်မျိုး ထပ်ထွက်လာခဲ့တာပါ။ အဲ့ဒီ Alternate Version လေးကို mmsub မှာ တင်ပေးမယ်လို့ စဉ်းစားခဲ့တာ ကြ

Dragonfly

Image
Unicode Dragonfly === 720P,360P ဒေါက်တာ ဂျိုး ဟာ ဗင်နီဇွဲလားကို ကြက်ခြေနီတာဝန်တစ်ခုနဲ့ လိုက်ပါရင်း ဆုံးပါးသွားတဲ့ ဇနီးသည် အတွက် ပူဆွေးနေတဲ့ မုဆိုးဖိုတစ်ဦးပါ။ တစ်နေ့ သူတာဝန်ကျရာ ချီကာဂိုဆေးရုံမှ လူနာလေးတစ်ဦးကနေ တဆင့် ဆုံးပါးသွားတဲ့ သူ့ဇနီးသည်မှ သူ့ကို စကားပြောဆက်သွယ်လာပါတယ်။ ထို့နောက် ဒေါက်တာဂျိုးဟာ ဇနီးဇော နဲ့ ပရလောကဆိုတာဘက်ကို လေ့လာလိုက်စားရင်း သေလွန်ပြီးနောက် ဘာဆက်ဖြစ်လာလဲဆိုတဲ့ အဖြေကို ရှာဖွေပါတော့တယ် ထိုသို့ ရှာဖွေရင်းနဲ့......................... ==== unicode ဒေါက်တာ ဂျိုး ဟာ ဗင်နီဇွဲလားကို ကြက်ခြေနီတာဝန်တစ်ခုနဲ့ လိုက်ပါရင်း ဆုံးပါးသွားတဲ့ ဇနီးသည် အတွက် ပူဆွေးနေတဲ့ မုဆိုးဖိုတစ်ဦးပါ။ တစ်နေ့ သူတာဝန်ကျရာ ချီကာဂိုဆေးရုံမှ လူနာလေးတစ်ဦးကနေ တဆင့် ဆုံးပါးသွားတဲ့ သူ့ဇနီးသည်မှ သူ့ကို စကားပြောဆက်သွယ်လာပါတယ်။ ထို့နောက် ဒေါက်တာဂျိုးဟာ ဇနီးဇော နဲ့ ပရလောကဆိုတာဘက်ကို လေ့လာလိုက်စားရင်း သေလွန်ပြီးနောက် ဘာဆက်ဖြစ်လာလဲဆိုတဲ့ အဖြေကို ရှာဖွေပါတော့တယ် ထိုသို့ ရှာဖွေရင်းနဲ့......................... Encoded by Myo Khant Download First လင့်၂လင့်ပေးထားပါတယ်ကြိုက်ရာဝင်ဒေါ

Spider Man Far From Home (2019)

Image
Unicode Spider Man Far From Home (2019) ============================ မြန်မာစာတန်းထိုးအကြည် 5.1CH ======================= Translated By Htut Khaung Zaw And Encoded By Lin Htike Aung Download Type - Megaup, Myandrive Download Size - 1080p.BluRay.5.1CH.H264 (2.61GB), 720p.Bluray.H264 (1.38GB) Download Link - First Comment အညွှန်း - ဒီကားမှာတော့ ပီတာပါကာဟာ သေဆုံးသွားတဲ့ တိုနီစတာခ့်ရဲ့ ခြေရာနင်းနိုင်အောင် ကြိုးစားရင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့အတွက် အကြောင်းဖန်လာပုံပဲ ဖြစ်ပါတယ်။ တိုနီစတာခ့် ဟာ သေဆုံးသွားခဲ့ပေမယ့် သူရဲ့တပည့်လေးလို သားလေးလိုချစ်ရတဲ့ ပီတာပါကာ့အတွက် နည်းပညာမြှင့်မျက်မှန်တစ်လက်ချန်ထားပေးခဲ့ပါတယ်။ အဲ့မျက်မှန်ကလည်း တော်တော်ကိုမြင့်တဲ့နည်းပညာဖြစ်တဲ့အလျောက် ဂြိုလ်တုထဲမှာတောင် ဒရုန်းတွေသိမ်းထားပြီး သူတို့ကို ထိန်းချုပ်နိုင်စွမ်းလည်းရှိပါတယ်။ အဲ့နည်းပညာကို ပီတာတစ်ယောက် လူယုံကိုပေးမိရာကနေ တစ်လွဲအသုံးချမှုကြောင့် ကမ္ဘာကြီးဒုက္ခရောက်ရာကနေ ပီတာပါကာတစ်ယောက် ဘယ်လိုပြန်ကယ်တင်မလဲ။ နိုင်ငံခြားသိပ္ပံခရီးထွက်နေရင်း ဘာတွေကြုံတွေ့ရမှာလဲ။ သူcrush နေတဲ

Alpha: The Right to Kill

Image
Unicode Alpha: The Right to Kill ဒူတာတေး လို့ပြောလိုက်ရင်ဖြင့် မသိသေးသူ မရှိလောက်ပါဘူး ဒူတာတေး က သူသမ္မတဖြစ်ဖြစ်ချင်းပဲ ဖီလစ်ပိုင်ရဲ့ အဓိကပြသနာဖြစ်တဲ့ မှုးယစ်ဆေးပြသနာကို တဲ့ စိန်ခေါ်ပြီ ပြတ်ပြတ်သားသားနှိင်းနင်းဖို့ ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို ဖိအားပေးခဲ့ပါတယ်။ မှုးယစ် ဆေးဝါး ရောင်းဝယ်သူ သုံးစွဲသူလို့ သံသယရှိရုံမျှဖြင့် သတ်ဖြတ်ခွင့်ကို အပြည့်အဝပေးခဲ့ပါတယ်။ နိုင်ငံတော်အဆင့်မှုဝါဒတစ်ခုဟာ နေရာဌာနအဆင့်ဆင့်အလိုက် မတူညီတဲ့ သက်ရောက်မှုတွေ ခံစားရတဲ့တကယ်အဖြစ်အပျက်တွေကို documentary ဆန်ဆန် ရိုက်ကူးထားပါတယ်။ 2017 တုန်းက ဖီလစ်ပိုင် မနီလာမြို့တော်မှာ အတ်ဘေး ဆိုတဲ့ မှုးယစ် ဂိုဏ်းချုပ်ကြီး နှင့် သူအဖွဲ့ဌာနချုပ်ကို ဖီလစ်ပိုင် SWAT(အထူးတပ်ဖွဲ့) DEU(မှုးယစ် ရဲတပ်ဖွဲ့) ရဲတပ်ဖွဲ့တို့ဟာ ပူပေါင်းနှိင်းနင်းခဲ့ကြပါတယ်။ သူတို့ စစ်ဆင်ရေးကို အသွင်ယူမှုးယစ်ဆေးဝယ်သူဟန်ဆောင်ပြီ အတ်ဘေး တို့ ဟုတ်မဟုတ်သေချာအောင်လုပ်ပြီမှစစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ လူတွေ အများကြီး သေဆုံးခဲ့ပါတယ် အဲဒီမှာ နိုင်ငံတကာကလည်း ဆက်တိုက်ဖီအားပေးပါတယ် ။ မှုးယစ် ဂိုဏ်းချုပ်ကြီး အတ်ဘေး လည်း အမိုးပေါ်မှာ သေဆုံးခဲ့ပါတယ် သေဆုံးပြီး သူ

Aladdin (2019) BluRay

Image
Unicode Aladdin (2019) BluRay ဒီတစ်ခေါက်မှာတော့ အားလုံးစိတ်ဝင်စားနေကြတဲ့ အာလာဒင်နဲ့မီးခွက်စောင့်ဘီလူး ဇာတ်ကားလေးကို BluRay အကြည်လေးထွက်လာလို့တင်ဆက်ပေးလိုက်ပါတယ် ။ ပရိတ်သတ်သိပြီးသားဇာတ်လမ်းတစ်ပုဒ်ကိုမတူညီတဲ့ တင်ဆက်ပုံမျိုးနဲ့ အသစ်ထပ်မံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ သာမန်ကြားနေကြပုံပြင်တွေနဲ့မတူပဲ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ထပ်ကြည့်ရသလို ခံစားစေရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကိုမသိသေးတဲ့ပရိတ်သတ်များအတွက်ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ။ အာလာဒင်ဟာ အေဂရာဘက်ပြည်နယ်က ဆင်းရဲသားသူခိုးလေးတစ်ယောက်ဖြစ်ပါတယ် ။ သူ့မှာအာဘူလို့ခေါ်တဲ့ မျောက်လေးတစ်ကောင်လဲရှိပါတယ် ၊ သူဟာ စားစရာတွေလိုက်ခိုးတတ်ပေမဲ့ အဲ့ဒါတွေကိုမရှိတဲ့ သူတွေကိုပြန်ပြီး ပေးကမ်းတတ်တဲ့ကောင်လေးပါ ၊ တစ်နေ့မှာသူဟာ နန်းတော်ကကောင်မလေးတစ်ယောက်နဲ့မတော်တဆဆုံတွေ့ခဲ့ပါတယ် ၊ အဲ့ဒီကောင်မလေးရှိရာနန်းတော်ကိုလိုက်သွားမိရာမှစပြီး သူ့ရဲ့ဘဝဘယ်လိုတွေပြောင်းလဲသွားလဲ ၊ မီးခွက်စောင့်ဘီလူးကြီးနဲ့ဘယ်လိုဆုံတွေ့ခဲ့တာလဲ စတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကြောင်းများကိုဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါလို့ Tran

The Mystery of the Dragon’s Seal ( 2019 )

Image
Unicode The Mystery of the Dragon’s Seal ( 2019 ) ************************ အကြည် ******* မင်းသားကြီးဂျက်ကီချန်းရဲ့ 8လပိုင်း2019မှထွက်ထားတဲ့ ဇာတ်ကားသစ်လေးလာပါပြီ. ဒီကားလေးဟာ ရုရှားနဲ့တရုတ်ပူးပေါင်းရိုက်ထားတဲ့ adventureအမျိုးအစား ဇာတ်လမ်းဖြစ်ပြီး ကမ္ဘာကျော် Universal Picturesကဖြန့်ချီပေးတာဖြစ်ပါတယ်.. budgetအနေနဲ့, $49.1millionအကုန်ခံပြီးရိုက်ကူးထားတဲ့အပြင် ခုချိန်ထိ box officeမှာ$5.7 million အမြတ်အစွန်းရရှိထားပါတယ်.. Journey to the chinaဆိုတဲ့ဇာတ်လမ်းအတိုင်း တရုတ်ပြည်ရဲ့ အထွဋ်အမြတ်ထားရာနဂါးအကြောင်းကို အခြေပြုပြီးရိုက်ထားတာတွေ့ရပါတယ်.. ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် အင်္ဂလိပ်လူမျိူးမြေပုံတိုင်းတာရေးဆွဲတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ Peter the Great ဘုရင်ရဲ့စေခိုင်းမှုအရ ရုရှားရဲ့အရှေ့ဘက်ပိုင်းကိုခြေဆန်ဖို့ဖြစ်လာပါတယ်.. သူ့ရဲ့ခရီးစဉ်တစ်လျှောက်မှာ ခက်ခဲမှုတွေစွန့်စားမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း တရုတ်ပြည်ထိရောက်ဖို့ဖြစ်လာပါတယ်.. လမ်းခရီးမှာ အံသြဖွယ်တွေအများကြီးကြုံတွေ့ရရင်း တရုတ်ပြည်ကမင်းသမီးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့အပြင် နဂါးဘုရင်န့ဲ တွေ့ဖိ

The Divine Move 2 : The Wrathful (2019)မြန်မာစာတန်းထို

Image
Unicode The Divine Move 2 : The Wrathful (2019)မြန်မာစာတန်းထိုး ဒီကားက The Divine Move 1ဆိုပြီးအရင်ကလည်း ထွက်ဖူးတယ် 1နဲ့2က ဆက်စပ်မှုရှိလားမရှိလားတော့မသိဘူး 2ကတော့ တော်တော်မိုက်တယ် မင်းသားက အချစ်လှေကားထစ်လေးများထဲက Sang Wooရယ် Mad Dog နဲ့ Save Meထဲက Woo Do Hwanလည်းပါတယ် Actionကားဆိုတဲ့အတိုင်း တိုက်တဲ့ခိုက်တဲ့ခန်းကတော့ရှယ်ပါတယ် ဇာတ်လမ်းအကြောင်းကတော့ အစ်မဖြစ်သူရဲ့ ဖြစ်ရပ်ဆိုးကြောင့် နာကျည်းပြီးဆိုးလ်ကိုထွက်ပြေးလာတဲ့လူငယ်လေးတစ်ယောက် ကိုရီးယားလိုတော့ Badukလို့ခေါ်တယ် တစ်နည်းပြောရရင် ဂိုကစားနည်းကို သင်ယူပြီး အစ်မဖြစ်သူအပေါ်ယုတ်မာခဲ့တဲ့သူကို တစ်ဖန်ပြန်လည် လက်စားချေခဲ့ချိန်မှာတော့ ဘယ်လို ကံကြမ္မာအပြောင်းအလဲတွေဖြစ်လာမလဲ အက်ရှင်ကားကြိုက်တဲ့ ပရိသတ်တွေ ဒေါင်းလို့ရပါပြီ Translate - Noe Noe Encode - Xiao File size - 799.95 mb Quality- 720p  HDrip Genres - Action Format- MP4 Credit - Fof လင့်၂လင့်ပေးထားပါတယ်ကြိုက်ရာဝင်ဒေါင်းဒေါင်းနည်းကလင့်ထဲမှာပြထားပါတယ် ။ File size... 799MB ဇာတျကားကိုဒီမှာဒေါငျးပါ  https://mkvlinks.xyz/TeLj8xt File size ... ဇာတျကားကိုဒီမှာ

Oh Toumei ningen (2010) 1 8 +

Image
Unicode Oh Toumei ningen (2010) 1 8 + မြှီးကောင်ပေါက်အရွယ် လူငယ်တွေရဲ့ အရွယ်ရောက်လာတဲ့အခါ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတဲ့အခိုက်အတန့်ကို ဖော်ပြထားတဲ့ ဒီဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်ငယ်ငယ်ကကော ဒီလို ပွေးခဲ့ဖူးသလားဆိုတာပြန်တွေးရင် တပြုံးပြုံးနဲ့ ကြည့်ရမှာပါ။ ငယ်ကျွမ်း သူငယ်ချင်းရယ်၊ အိမ်နားက ကောင်မလေးရယ်၊ ဘယ်သူနဲ့ အဆင်ပြေရင်း ဘယ်လို ရှိုက်ဖိုကြီးငယ်အဖွယ်ဖွယ်တွေကို၊ ရင်သပ်ရှုမောရင်း စူပါ ပါဝါမျိုးကို ကိုယ်သာ ရသွားရင် ဘာတွေ လုပ်ကြမှာလဲ… စိတ်ကူးလေး ယဉ်ပြီး ခံစားကြည့်ကြရအောင်…. ဇာတ်ကားကတော့ 1 8 + လဲ ဖြစ်ပြီးတော့ ဟိုခန်း ဒီခန်းတွေနဲ့ ဂလုဂလုတွေ ခံစားနေရမှာ ဖြစ်လို့… ဟဲဟဲ ၁၈ စုပြီး ကြည့်ကြဖို့ သတင်းကောင်းပေးလိုက်ပါမယ်… ဇာတ်ကားကတော့ Mydramalist မှာ 6.8/10 အထိရထားပြီး The Movie DB မှာ 70% အထိ ရှိနေပြီးဆိုတော့ ….. Translator : Htoo Aung Encoder : Min Theim Kyaw ( MTK ) Quality : HDTV 720p File Size : ( 603 MB ) Credit လင့်၂လင့်ပေးထားပါတယ်ကြိုက်ရာဝင်ဒေါင်းဒေါင်းနည်းကလင့်ထဲမှာအကုန်ပြထားပါတယ် ။ File size... 603MB ဇာတျကားကိုဒီမှာဒေါငျးပါ  File size ... https://mk

The Terror Live (2013)

Image
Unicode The Terror Live (2013) 2013 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Ha Jung Woo ခေါင်းဆောင်ပါဝင်ထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ယွန်းယောင်ဟွာဟာ SNC သတင်းဌာနရဲ့ နာမည်ကြီး သတင်းတင်ဆက်သူ ဖြစ်ပြီး အကြောင်းတစ်ခုကြောင့် ရာထူးကျပြီး ရေဒီယို အစီအစဉ်ဘက်ကို ပြောင်းရွှေ့ခံလိုက်ရပါတယ် ဇနီးဖြစ်သူကိုပါ ကွာရှင်းလိုက်ပေးလိုက်ရတာကြောင့် ဘဝမှာ အဆိုးဆုံး ကြုံကြိုက်နေချိန် ဖြစ်ပါတယ် တစ်နေ့ သူ့ရဲ့ ရေဒီယို အစီအစဉ်ဖြစ်တဲ့ “နေ့စဉ်စကား ” အစီအစဉ်ကို ဆောက်လုပ်ရေး အလုပ်သမား ပတ်နိုကျူ ဆိုသူက ဖုန်းခေါ်လာပြီး ဝင်ရောက်ဆွေးနွေးပါတယ် ပတ်နိုကျူ ဆွေးနွေးတာတွေက ခေါင်းစဉ်လွဲနေတဲ့အတွက် ယွန်းယောင်ဟွာက ဖုန်းချခိုင်းပေမယ့် မချပစ်ဘဲ သူ့ပြောတာ နားထောင်ပါ နားမထောင်ရင် ဗုံးခွဲပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတော့တယ် ယွန်းယောင်ဟွာက နောက်ပြောင်တဲ့ဖုန်းလို့ထင်တဲ့အတွက် အရေးမစိုက်ဘဲနေရာမှ SNC အနီးရှိ မာဖိုတံတား ဗုံးပေါက်ကွဲပါတော့တယ် ယွန်းယောင်ဟွာဟာ ထိတ်လန့်သွားပေမယ့် ရဲတိုင်မယ့်အစား ဒီအကြောင်းကိုသာ သတင်းလွှင့်လိုက်ရင် ကြည့်ရှုနှုန်းတက်လာပြီး သူ့ရဲ့ သတင်းကြေငြာသူ ရာထူး ပြန်ရဖို့အတွက် ဌာ

War (2019)

Image
Unicode War (2019) --------------- နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။ တိုက်ဂါးနဲ့ ရီသိတ်ဟာ တပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။ သူ ဘာကြောင့် ပစ်ခဲ့တာလဲ.... ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ... သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ ကဲ.... ဆရာနဲ့ တပည့်.... ရန်သူနဲ့ တပ်မတော်ဘက်တော်သား.... ဘယ်လို ဆက်ဖြစ်ကြမလဲ..... အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။ Credit လင့်၂လင့်ပေးထားတယ်ကြိုက်ရာဝင်ဒေါင်းဒေါင်းနည်းကလင့်ထဲမှာအကုန်ပြထားပါတယ် ။ File size... 2.35GB ဇာတျကားကိုဒီမှာဒေါငျးပါ  https://mkvlinks.xyz/ewVjtHs6 File size ... ဇာတျကားကိုဒီမှာ

Sheitaan (2019) မြန်မာစာတန်းထို

Image
Unicode Sheitaan (2019) မြန်မာစာတန်းထိုး IMDB Rating 5.4/10 Google User Like 73% Horror သဲထိပ်ရင်ဖို ကြည့်ရှု့ရမည့် ဇတ်ကားဖြစ်ပြီး သရဲးကားကောင်းကောင်းလေး မျှော်နေသူတွေအတွက် ဒီကားလေးကို အကြိုက်တွေ့ကြမှာပါ.. ဆွန်နီ မူဆလင် စမီလ်ခန်းနဲ့ ရှီယာမူဆလင် အိုင်ရှာခန်း တို့ဟာ နှစ်ဦးသာချစ်ကြိုက်၍ လက်ထပ်လိုက်ကြပြီး.. ကလေးတယောက်ကို မွေးစားလိုက်ပါတယ်..သိပ်မကြာခင်မှာပဲ ဖခင်ဖြစ်သူက သတ်ပြစ်လိုက်ပါတယ်..ဘာကြောင့်လဲဆိုတာတော့ ဆက်လက်ဒေါင်းယူကြည့်ရှု့ လိုက်ရအောင်..... Credit - BSM လင့်၂လင့်ပေးထားတယ်ကြိုက်ရာဝင်ဒေါင်းဒေါင်းနည်းကလင့်ထဲမှာပြထားပါတယ် ။ File size... 1.17GB ဇာတျကားကိုဒီမှာဒေါငျးပါ  https://mkvlinks.xyz/j2yXB File size ...1.2GB ဇာတျကားကိုဒီမှာဒေါငျးပါ  https://mkvlinks.xyz/Uhx4 megaup ဒေါငျးလင့ျဝငျကွည့ျနညျး ဗီဒီယို =  https://youtu.be/GslStQDtesc မဒေါငျးတတျရငျ ဒေါငျးနညျးကို အောကျကလင့ျမှာကွည့ျပါ  https://youtu.be/LEOzBUjYxdY Adblockဖွဈပွီးဒေါငျးမရဖွဈနသေူမြားအတှကျ ဒေါငျးနညျးကို အောကျကလင့ျမှာကွည့ျပါ။  https://youtu.be/U2RBen_tRhI ဒေါငျးနညျး (GP

The Addams Family(2019)အညွှန်

Image
Unicode  The Addams Family(2019)အညွှန်း ************************************* တလောက ရုံတင်သွားခဲ့တဲ့ အဒမ်စ်မိသားစု ကာတွန်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်ပါတယ်။ အဒမ်မိသားစုဟာ သီးခြားဆန်စွာ ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။ အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။ ရယ်လည်းရယ်ရသလို ဆွဲဆောင်မှုလည်းရှိပါတယ်....Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်...

My People, My Country(2019)အညွှန်

Image
Unicode My People, My Country(2019)အညွှန်း **************************************** တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ဆိုက်ခဲ့ပါတယ်... သို့ပါသော်ငြားလည်း တရုတ်ဟာခု ကမ်ဘာမှာ ဘယ်လိုအနေအထားနဲ့ ရှေ့ဆက်နေလဲဆိုတာ အားလုံးအသိပါပဲ..ဒီဇာတ်ကားကတော့ တရုတ်နိုင်ငံ လွတ်လပ်‌ရေးရပြီး နှစ် ၇၀ ပြည့်အထိန်းအမှတ်အားဖြင့် ဒါရိုက်တာကြီး ၇ ယောက်တို့က လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွင်နိုင်တဲ့ အကြောင်းအရာ ၇ ခုကို ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာကိုလည်းအသုံးပြုထားပါတယ်... ဒီလိုသမိုင်းတွင်နိုင်ခဲ့တဲ့အကြောင်းအရာရဲ့နောက်ကွယ်မှာ သာမန်လူတစ်ယောက် အနေနဲ့လည်း ထိုကြီးကျယ်လှတဲ့ အဖြစ်တွေနှင့် မဖြစ်မနေ စပ်လျဉ်းနေတဲ့အကြောင်းကို ရသ‌မြောက်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ ဒီဖြစ်ရပ်မှန် ၇ ခု ကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာပုံကိုလည်း‌တွေ့ရမှာပါ။ဗဟုသုတလည်းရသလို မှတ်သားစရာပေါင်းမျာ